အသိပေးခြင်း

ထိုင်းအလုပ်ရှင်များမှ မြန်မာလုပ်သားခေါ်လိုသော အမှာစာရလျှင် Golden Planr Agency အနေဖြင့် post တင်ပေးပါမည်…
အဆိုပါပို့စ်တင်သောအလုပ်ကိုစိတ်ဝင်စား၍ စာရင်းပေးထားလိုလျှင် စာရင်းသာလက်ခံထားပေးပါမည်…
သို့ရာတွင် အဆိုပါစာရင်းသွင်းသူများထံမှ အေဂျင်စီအနေဖြင့် မည်သည့်အခကြေးငွေ၊ ဝန်ဆောင်ခ၊ စရံငွေများ ကောက်ခံခြင်းမရှိပါ..
မည်သူတစ်ဦးတစ်ယောက်ကိုမျှလည်း ဝန်ဆောင်ခ စရံငွေကောက်ခံရန် တာဝန်ပေးစေခိုင်းထားခြင်းမျိုးမရှိပါ…
သို့ဖြစ်ပါ၍ Golden Plant Agency နာမည်သုံး၍ လူစုခြင်း၊ ဝန်ဆောင်ခကောက်ခံခြင်း၊စရံငွေကောက်ခံခြင်းများရှိပါက Golden Plant Agency နှင့်မည်သို့မျှသက်ဆိုင်ခြင်းမရှိပါကြောင်း သိစေအပ်ပါသည်…
လုပ်ငန်းကိစ္စအသေးစိတ် သိရှိလိုသည်များရှိပါက ရုံးဖုန်း 09786216005 (သို့) 09441589993 သို့ ရုံးဖွင့်ရက်၊ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်…